Tuesday, July 27, 2010

အလွမ်း

ကိုကို သဲ အရမ်းလွမ်းနေတာ ကိုကို မသိတာလား ၊ သိရဲ့သားနဲ့ သဲ ကို ပြန်ပြီးကလဲ့စားချေနေတာလားဟင်?
ကိုကို အိပ်နေတာကို သဲလေး အပြစ်မတင်လိုပါဘူး ...ဒါပေမယ့် ကိုကိုရယ် သဲလေး ကနေမကောင်းနေတဲ့သူပါ....သဲနားမှာလည်း ဘယ်သူ့မှမရှိဘူး....သဲ အထီးကျန်နေတဲ့အချိန်မှာ သဲ ကိုကို့ ကိုတမ်းတမိတာ ကိုကို့ အတွက်ငြိုငြင်စရာဖြစ်နေပြီလား တွေးမိတယ်။ မငြိုငြင်ပါနဲ့ ကိုကိုရယ်...သဲ တအားကြောက်နေရတဲ့နေ့ရက်တွေကို ရောက်လာမှာ သဲတကယ်ကြောက်တာပါ...
ကိုကို ထားရာနေ စေရာသွားမယ် ချစ်သူမျိုးပါ...
ကိုကိုရေ သဲ သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ် ...
နင် ဘယ်သူ့ကိုမှ စိတ်ရော ကိုယ်ရောနှစ်ပြီးမချစ်မိစေနဲ့တဲ့ ...ချစ်မိတဲ့နေ့ဟာ နင် ရှုံးတဲ့နေ့ပဲတဲ့...
သဲ အဲ့လိုအရှုံးတွေနဲ့ခံစားမှုကိုမလိုချင်လို့ သဲ စိတ်ရောကိုယ်ရောနှစ်ပြီး ဘယ်သူ့ကိုမှမချစ်မိခဲ့ဘူး... အဲ့ဒိအရှုံးဆိုတာကြီး ကို သဲ သေချာသိတဲ့အချိန် သဲ အဲ့ဒိအရှုံးအတွက်ကျေနပ်မိနေတယ် သိလား...
အခုတော့ အဲ့ဒိအရှုံးမျိုးကို သဲခုံမင်နေပြီ။ ကိုကို ပြောတဲ့အထုံဆိုတာက လည်း သဲ ဆီကိုရောက်လာခဲ့ပြီ...။
ကိုကို ကူးပြောင်းပေးလိုက်တာထင်ပါရဲ့နော်....
သဲ ဆီကို ရောက်လာတဲ့အထုံအတွက် သဲ ၀မ်းသာစွာကြိုဆိုမိပေမယ့် ကိုကို ဆီကပျောက်ကွယ်နေတဲ့အထုံကိုတော့ သဲ ၀မ်းနည်းစွာမျှော်လင့်နေမိတယ် ...
သဲ ကိုကို့ ကိုသိပ်ချစ်ပါတယ် ...
ကိုကို ပျော်နေမယ်ဆိုရင် သဲ ကျေနပ်နေမှာပါ ...
ကိုကို ငြိုငြင်မယ့်ကိစ္စမျိုးကိုလည်းမလုပ်မိအောင်နေမှာပါ...
အခုတော့ သဲ အလွမ်းတွေနဲ့ ကိုကို အိပ်ရာနိုးပြီးကြည်ကြည်လင်လင်နဲ့ဖုန်းဆက်လာမယ့်အချိန်ကို မျှော်လင့်နေမိတယ် ...
သဲ အတွက်တော့ အဲ့ဒီမျှော်လင့်ချက်လေး က တောက်ပပြီး သဲ ရဲ့အိပ်စက်ခြင်းတွေကို ပြုစားထားတယ် ...
သဲ ကျေနပ်တယ် ... ကိုကို့ ကို သဲ သိပ်ချစ်ပါတယ်....
ကိုကို အိပ်ပျော်နေမှာတွေးပြီး ကိုကို ပါးလေး ကိုကိုင်တွယ်ကြည့်ချင်နေမိတယ် ...လွမ်းလိုက်တာ ...
ဒီနေ့လေးကတော့ သဲ အတွက်အလွမ်းတွေနဲ့အမှတ်တရနေ့လေးပါ ... အိပ်နေတယ်လေကွာလို့ ဖြေလိုက်တဲ့ ကိုကို့  စကားသံတွေမှာ သဲ အတွက် နင့်နေအောင်ခံစားရမယ့်ခံစားမှုလေးတွေပါတယ် ....ကိုကို ရယ် ....