ကိုကို ပြောသလို သဲ တို့ချစ်နေကြတာလည်းကြာပြီ ... သဲ က နားလည်မှုမရှိဘူးတဲ့လား.....
သဲ နားလည်ပါတယ် ကိုကို ရယ် .... ဒါပေမယ့် သဲ ကိုကို့ ကိုသိပ်ချစ်လို့ပါ....
သဲ သိပ်ချစ်တဲ့စိတ်နဲ့ အရာရာကို စိတ်ပူပန်နေမိတာ ကိုကို့ အတွက် စိတ်အနှောက်ယှက်ဖြစ်တယ်ဆိုရင် သဲ အတတ်နိုင်ဆုံး ကိုကို စိတ်ချမ်းသာဖို့ ကြိုးစားပေးမှာပါ...
ကိုကို နဲ့ သဲ နဲ့ စတွေ့တဲ့အချိန်ကစပြီး အခုအချိန်ထိ ကိုကို နဲ့ အတူ ရှိနေတဲ့အချိန်တွေ ကိုကို့  အသံကြားနေရတဲ့အချိန်တွေဟာ သဲ အတွက် ဘာနဲ့မှမလဲနိုင်တဲ့အရာတွေပါ....
သဲ နားမှာ ကိုကို မရှိတော့ရင်လည်း ဒါတွေဟာ သဲ အတွက်ပျောက်ပျက်သွားစေမယ့်အရာတွေမဟုတ်ပါဘူး....
သဲ က ကိုကို့  ကိုချစ်လို့ စိုးရိမ်ပူပန်တွေဖြစ်နေတာကို ကိုကို ကြောက်မသွားပါနဲ့နော် ...
သဲ နဲ့ စတွေ့ကတည်းက သဲ ဟာ ကိုကို့ စိတ်တိုင်းကျ အတတ်နိုင်ဆုံးနေထိုင်ခဲ့တာ အနည်ထိုင်ခဲ့ပါပြီ....
ဘယ်သူနဲ့မလိုက်ရလို့ ဘယ်သူကမခေါ်လို့ စိတ်မကောင်းဖြစ်ခြင်းမျိုးလည်း သဲမှာ မရှိတာကြာပါပြီ....
ကိုကို မကြိုက်တာ လုပ်မိလို့ ကိုကို စိတ်ညစ်မှာ ကိုကို စိတ်မကောင်းဖြစ်နေမှာကို သဲ မလိုလားပါဘူး.....
အဲ့ဒိအတွက် သဲ အတတ်နိုင်ဆုံးကြိုးစားခဲ့တာ ကိုကို့ စိတ်တိုင်းကျအရာအားလုံးမဖြစ်သေးရင်တောင် ကိုကို စိတ်ကြိုက်နီးပါးနေရာကိုရောက်နေခဲ့ပါပြီ....
ကိုကို က ပြောဖူးတယ် .... အထုံဆိုတာ ဘာလဲသိလားတဲ့.... အဲ့ဒိအချိန်က သဲ ကရီနေခဲ့တယ် ... ကိုကို့ ကိုမယုံတာလည်း ပါမယ် အသက်အရွယ်ကွာခြားမှုလည်းပါမယ်ထင်ပါတယ်....
ကိုကို ကရှင်းပြတယ် အထုံဆိုတဲ့အကြောင်းကို ....
အခုလေ အထုံဆိုတာ ကို သဲ သေသေချာချာကြီးကိုနားလည်ခဲ့မိပြီ....
ဟိုးအရင်က သဲ ဆီဖုန်းဆက်လို့မရတာမျိုး ... သဲ အသံကိုသေချာသဲကွဲစွာမကြားရတာမျိုး... သဲ က ကိုကိုနဲ့ဖုန်းပြောနေချိန် Second Call ၀င်လို့ဖုန်းချသွားတာမျိုးဆို ကိုကို က ဖုန်းကိုပေါက်ခွဲရင် ပေါက်ခွဲ ဒါမှမဟုတ်ရင် ကိုကို့ ကိုယ် ကိုကို အနာတရလုပ်တာမျိုးတွေဟာ သဲ အစိုးရိမ်ဆုံးအရာတွေပါ....
အခုတော့ သဲ လေ ကိုကို့ ဆီဖုန်းခေါ်လို့မရရင် သဲ ဖုန်းတွေပေါက်ခွဲပစ်ချင်တယ်.... သဲ စိတ်တွေဆောက်တည်ရာမရ တည်ငြိမ်မှုမရှိခဲ့ဘူး.... ဒါတွေဟာ ကိုကို အရင်ကဖြစ်ခဲ့တာပါ......
အခု သဲ က ကိုကို မကြိုက်ဘူးထင်တဲ့အရာတွေကို မလုပ်မိအောင်နေခဲ့တယ် ...second call ဆိုတာကို ဘယ်လောက်ကြီးပဲအရေးကြီးပါစေ သဲ မေ့ထားပစ်နိုင်ခဲ့ပြီ....
ကိုကို က သစ်ရွက်လှုပ်တာကြည့်ပြီး ရီတတ်တဲ့အရွယ်အချိန်က စတွေ့ခဲ့ရင်ကောင်းမယ်လို့ ပြောခဲ့တယ်....
ကိုကို့ စိတ်တိုင်းကျ သစ်ရွက်လှုပ်တာကိုကြည့်ပြီး ရီတတ်အောင် ကြိုးစားခဲ့မိပြန်တယ်.....
ကိုကို က သဲ အလုပ်ထဲမှာ စိတ်နှစ်ထားပြီးအလုပ်အတွက်ပေးဆပ်ထားတာမျိုးကို မဖြစ်စေချင်ဘူး...
သဲ ဟာ တစ်စတစ်စနဲ့ အလုပ်ဆိုတာကို အလုပ်ချိန်ပြင်ပတွေမှာ ပုန်ကန်တတ်လာပြီ.....
ကိုကို နဲ့ သွားနေချိန် အလုပ်ဆိုတာတွေကို မေ့လျော့ထားတတ်ခဲ့တာ အသားကျနေခဲ့ပြီ....
ကိုကို ရေ သဲ နောက်ဆုံးပြောချင်တာက သဲ အချစ်တွေကို ကိုကို ကြောက်မသွားပါနဲ့နော်...
သဲ အချစ်တွေကိုအတတ်နိုင်ဆုံး ကိုကို ကြောက်ရွံခြင်းကင်းအောင် ရင်ထဲမှာ ထိန်းသိမ်းထားပါမယ်....
သဲ ဟာ အချစ်ဆုံး ကိုကို ကို နားမလည်တဲ့သူတွေထဲမှာ အသုံးမကျတဲ့ မိန်းမတစ်ယောက်အဖြစ်မနေခဲ့ချင်ပါဘူး....
ကိုကို့ နားမှာနေခွင့်ရနေတဲ့အချိန် နောက်ဆုံးချိန်အထိပေါ့ သဲ ဟာ ကိုကို့ ကိုနားအလည်ဆုံးသူဖြစ်အောင်ကြိုးစားသွားပါ့မယ်....
ကိုကို ကျေနပ်ပေးပါ.....
သဲ သိပ်ချစ်တယ် ကိုကို ရယ် ... ဘယ်လိုချစ်မှန်းမသိအောင်ကိုချစ်တယ်...
သဲ အချစ်တွေအတွက် ကိုကို စိတ်ကျဉ်းကျပ်မှာ သဲ မလိုလားပါဘူး......
သဲ သိပ်ချစ်တဲ့ကိုကို သဲ ကြောင့်စိတ်မဆင်းရဲစေ၇ပါဘူး....
သဲ ကိုပူပန်မနေစေရဘူး.....
သဲ ကြိုစားမယ်လို့ ဒီနေ့ ဒီနေရာလေးကနေ ကတိပေးပါတယ် ချစ်သူရယ်....
ငါ့ အချစ်တွေဟာ ကိုကို့ အတွက် အမြဲတမ်း စံပြဖြစ်နေနိုင်အောင် ငါ ကြိုစားသွားပါ့မယ်.....
နင့် ကိုသိပ်ချစ်တယ် ကိုကို ......ငါ့ မျက်ရည်တွေ နင် မကြိုက်တဲ့ ငါ့ မျက်ရည်တွေကို နင် မမြင်တွေ့ရအောင် ငါ သိမ်းထားပါ့မယ် အချစ်ဆုံးရယ် ....
ငါ တအားလိုက်နေလို့ နင် ပြေးမထွက်သွားချင်ပါနဲ့ဟာနော် ....
ငါလေ ငါ ..........................