ဒီနေ့ အမှန်တကယ်ပြောရရင် ကိုကို့ ဆီဖုန်းခေါ်ရမှာ သဲ ကြောက်နေမိတယ် .... ကိုကို တစ်ခုခု သဲ ကို စွပ်စွဲလိုက်မှာကြောက်သလိုခံစားရတယ်....
သဲ တို့စတွေ့တဲ့အချိန်ကနေ အခုအချိန်ထိ ကိုကိုနဲ့ သဲ အကြောင်းကို စဉ်းစားနေမိတယ်....
သဲ ကို ပြောင်းလဲမှုတွေရှိလာအောင် ဘ၀ဆိုတာ ဘယ်လိုရှင်သန်ရမယ်ဆိုတာကို သိလာအောင် ကိုကို ကလမ်းပြပေးခဲ့တယ် ...
သဲ ကို ကိုကို က ချစ်စနိုးနဲ့ လူနမူနာလေး လို့ စနောက်ခဲ့တယ် ...
တကယ်ပဲ ကိုကို့ လူနမူနာလေး ဖြစ်ချင်နေခဲ့တယ် ...
ကိုကို ကပြောတယ် သဲ က ကိုကို့ ကို တကယ်ချစ်ပြီ သဲ မှာရှိတဲ့အချစ်တွေကို ကိုကို ရပြီလို့ တစ်ထစ်ချ ယုံကြည်ရတဲ့နေ့ကျရင် သဲ ကိုမြတ်မြတ်နိုးနိုး တန်ဖိုးရှိရှိ လက်ထပ်ခွင့်တောင်းမယ်တဲ့...
ရီတော့ ရီရတယ် သဲ အတ္တတွေသိပ်ကြီးမိခဲ့တယ် ... အဲ့ဒိအချိန်ကတည်းက တိတ်တိတ်လေး ဆုတောင်းနေမိခဲ့ ကိုကို မသိခဲ့ဘူး ... ဘာလဲဆိုတော့ အဲ့ဒိနေ့လေးကို အမြန်ဆုံးရောက်ပါစေလို့လေ ...
ကဲ ကြည့်ပါဦး သဲ ဘယ်လောက်များမတရားလိုက်လဲလို့ .....
သိပ်မကြာသေးတဲ့နေ့တစ်နေ့ တုန်းက ကိုကို့ ကိုစိတ်ညစ်အောင်ဂျစ်တိုက်မိပြီး ကိုယ့်ကိုယ် ကိုယ် နာကျင်အောင် ကိုကို့ ရှေ့မှာလုပ်ခဲ့သေးတယ် ... ကိုကို က ပြောတယ် အဲ့ဒါ ကိုကို ဂရုစိုက်လာအောင်လုပ်တဲ့ မာယာတဲ့....
ချစ်သူကို သိပ်ချစ်သွားမိတဲ့မိန်းမတစ်ယောက်ဟာ ကိုယ်သိပ်ချစ်တဲ့ချစ်သူ ဂရုစိုက်လာအောင် လုပ်တာ မာယာဆိုရင်တော့ အဲ့ဒိနည်းကို သဲ ဘယ်တော့မှ ဘယ်သောအခါမှမလုပ်တော့ဘူးနော် ....
ကိုကို အဲ့လိုလုပ်ခဲ့တဲ့အချိန်တုန်းကတော့ သဲ အဲ့လိုမတွေးမိခဲ့ဘူး သိလား.... ဒါ ကိုကို ငါ့ ကိုသိပ်ချစ်လို့ ဖြစ်တာ ... ကိုကို အဲ့လိုမဖြစ်အောင် ကိုကို ကိုယ့်ကိုယ်ကိုယ် နာကျင်မှုမလုပ်အောင် ငါ ဘာလုပ်သင့်လဲဆိုတာ ကိုအရင်တွေးခဲ့မိတယ် ..... အဲ့လိုနဲ့ပဲ ကိုကို မကြိုက်တာကို မလုပ်မိအောင် နေတတ်လာခဲ့တာ...
အခုလည်း ကိုကို မကြိုက်တာကို မလုပ်မိအောင် သဲ ဆက်ကြိုးစားနေမိတယ် .........
သဲ နောက်ဆုံးအချိန်ထိ ကိုကို မကြိုက်တာကို မလုပ်မိအောင် သဲ ကြိုးစားနေမိမလား .....
အခု သဲ သိပြီ.... သဲ သိပ်ချစ်တဲ့ ကိုကို့ ကို သဲချစ်နေရရင် ကျေနပ်ပြီ... သဲ သိပ်ချစ်တဲ့ ကိုကို သဲ ကို လက်ထပ်သည်ဖြစ်စေ လက်မထပ်သည်ဖြစ်စေ .... သဲ ချစ်နေရရင် ကျေနပ်ပြီ....
သဲ ကိုကို သဲ နားမှာရှိနေတဲ့ လက်ရှိအချိန်လေး ကို သဲ တန်ဖိုးထား ရှင်သန်သွားမယ် ...
ကိုကို ငြိုငြင်စေမယ့် အပြုမူတွေကင်းအောင် သဲ ကြိုးစားသွားမယ် ....
သဲ ကြောင့် ကိုကို ဘယ်တော့မှ စိတ်မဆင်းရဲစေရဘူးဆိုတာ ဒီနေရာလေးကနေ သဲ သစ္စာဆိုပါတယ် ....
ဘ၀မှာ တစ်ခါပဲ လူဖြစ်ရစေဦးတော့ ဒီလူဖြစ်ရတဲ့အချိန်လေးမှာ သိပ်ချစ်တဲ့ ကိုကို့ ကို တွေ့ဆုံစေခဲ့တာကိုက ဒီဘ၀အတွက် ကံအကောင်းဆုံးအရာတစ်ခုပါပဲ... အရမ်းချစ်တယ် .... ဒီဘလော့လေးဖန်တီးပေးထားတဲ့ ကိုကို့ ကို သဲ သိပ်ချစ်တယ်.....